မင်းလွင်တောင်ခြေ သိမ်အလှူရှင်(10) (25-10-2024) ============== ၁။ပျိုဝိသာခါအဖွဲ့ သုဝဏ္ဏဝတီမြို့ 300000ကျပ် အလှူတော် နတ်လူသာဓုခေါ်စေသော်။ ---------- သိမ်လှူဒါန်းကြသော အလှူရှင်မိသားစုတို့အား ဝမ်းမြောက်နုမော် သာဓုခေါ်၍ ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါသည်။ --------------------- မင်းလွင် သိမ်တော်ကြီး တည်ဆောက် အလှူတော် နှိုးဆော်လွှာ" -------------------------- သာသနာ ၂၅၆၈ခုနှစ်၊ကောဇာသက္ကရာဇ် တန်ဆောင်းမုန်းလပြည့် (၁၅)ရက်၊၁၁လပိုင်း၊ ၂၀၂၄ သောကြာနေ့၊ နံနက် ၉း၀၀နာရီ အချိန်တွင် သထုံမြို့နယ်၊ပိန္နဲတောကျေးရွာအုပ်စု၊မင်းလွင်တောင်ခြေ ဓမ္မဒူတတောရ သာသနာ့ရိပ်သာ အလျား ပေ (၁၀၀)၊အနံ ပေ(၄၀) ရှိမည့် မင်းလွင်သိမ်တော်ကြီးကို ပန္နက်တင် အုတ်မြစ်ချ မင်္ဂလာနှင့် သိမ်နုတ် သိမ်သမုတ် မင်္ဂလာ ပြုလုပ်မည် ဖြစ်ပါ၍ အတူတကွ ကုသိုလ်ပြု တရားတော်နာ ကြွရောက်ကြပါရန် လေးစားစွာ အသိပေးနိုးဆော်အပ်ပါသည်။ ---------------- "ကောင်းမှုရွှေအိုးမြှပ်နှံဖို့ မင်းလွင်သိမ်တော်ကြီးတည်ဆောက်ကြပါစို့" သီးခြားအလှူရှင်မပေါ်သေးပါ၊ တစ်ဦးတည်းလှူဒါန်းလိုပါက သိန်း(၃၀၀၀)ကျပ်၊ အခန်းလိုက်လှူဒါန်းလိုပါက (၁)ခန်းလျှင်- သိန်း(၅၀)ကျပ်၊ သိမ်တိုင်(၁)လု...